25 C
Yangon

နွားထိုးကြီး၊ မာန်လည်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်သားများကို ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြား

Must read

နွားထိုးကြီး၊ မာန်လည်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်သားများကို ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြား

ရန်ကုန်၊ ဇွန် ၈

မန္တ‌လေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာကို စစ် ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြင်းခြံ ရင်း ၁ ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့ ဒရုန်းဖြင့် ဝေဟင်မှ ဗုံး ၁၀ လုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှု များပြားသည်ကို အတွင်းသတင်းများအရ သိရှိရကြောင်း မြင်းခြံ ရင်း ၁ ဒရုန်းအဖွဲ့ထံမှ သိရှိရသည်။

“သေဆုံးတာ ရှိ၊ မရှိကိုတော့ မသိရဘူး။ အထိအခိုက်တော့များတယ် သိရတယ်။လက်နက်ကြီးငယ်နဲ့ ပြန်ပစ်တာတော့ရှိပါတယ်ဗျ။ ကျွန်တော်တို့နဲ့ ဝေးရာကျလို့ ထိခိုက်မှုတော့ မရှိပါဘူးဗျ”ဟု မြင်းခြံ ရင်း ၁ ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ 27 Revolution Forces ၊ မြင်းခြံခရိုင်အမှတ် ၂တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ မြင်းခြံမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ၊ မလှိုင်ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့ ၊ MDY တပ်ရင်း ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article