25 C
Yangon

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို သင်္ဘောဖြင့် ပြန်ပို့၊ စစ်ကောင်စီကလည်း မြန်မာအကျဉ်းထောင်များရှိ ဘင်္ဂလားဒေ့ရှ် အကျဉ်းသား ၄၅ ဦးကို ပြန်ပို့ပေး

Must read

ရန်ကုန်၊ ဇွန် ၁၀

ရခိုင်ပြည်နယ်တွင် AA ၏ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးသွားသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့် အုပ်ချုပ်ရေးအာဏာပိုင်များ၏ အဆိုအရ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို တင်ဆောင်လာသော ဘတ်စ်ကား လေးစီးသည် ကော့ဘဇားရှိ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (BIWTA) ဆိပ်ခံတံတားသို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံမှ လာခေါ်သော ရေတပ်သင်္ဘောဖြင့် နံနက် ၁၀ နာရီခန့်တွင် မြန်မာပြည်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ရေတပ်သင်္ဘောသည် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကော့စ်ဘဇားသို့ ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်ခေါ်ယူရန် နှစ်နိုင်ငံ ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာစစ်ကောင်စီက မြန်မာအကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ အပြန်အလှန်အားဖြင့် ပို့ဆောင်ပေးကြောင်း သိရှိရသည်။

ရခိုင်ပြည်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ထွက်ပြေးလျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး၊ ဧပြီ လတွင် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦး၊ ယခု ဇွန်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦး ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article