25 C
Yangon

အောင်လံတွင် လူငယ်များကို စစ်သားသစ်အဖြစ် ဖမ်းဆီး စုဆောင်းနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးစာရင်း ရရှိထားပြီး အရေးယူမည်ဟု အောင်လံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာ

Must read

အောင်လံတွင် လူငယ်များကို စစ်သားသစ်အဖြစ် ဖမ်းဆီး စုဆောင်းနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးစာရင်း ရရှိထားပြီး အရေးယူမည်ဟု အောင်လံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာ

ရန်ကုန်၊ ဇွန် ၁၀

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လူငယ်များကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သား စုဆောင်းနေသဖြင့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -အောင်လံမြို့က ယမန်နေ့ ဇွန်လ ၉ ရက် နေ့စွဲဖြင့် ကြေညာသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေအရ အောင်လံမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းလျက်ရှိကြောင်း၊ ထိုသို့ စုဆောင်းရန်အတွက် အောင်လံမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အသုံးချ လျက်ရှိရာ အချို့သော အုပ်ချုပ်ရေးမှူးများကမူ စစ်ကောင်စီနှင့်ပူးပေါင်း၍ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းပြီး လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်သားအဖြစ် စု ဆောင်းနေသူ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ စာရင်းကို အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က မှတ်တမ်းရရှိထားပြီဖြစ်ပြီး ပြင်းထန်စွာ အရေးယူသွားမည့်အကြောင်း အသိပေးထားသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ အောင်လံမြို့ပေါ်ရှိ လူငယ်များအား လျှပ်တပြက် ဝင်ရောက်ဖမ်းဆီးခြင်း မပြုရန် အခြား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တားမြစ်လိုက်ပြီး တားမြစ် ချက်ကို လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) က ထုတ်ပြန်ထားသည်။

“အခုက အောင်လံမြို့ပေါ်ရော ရွာတွေမှာပါ လူငယ်တွေ အကုန် ရှောင်ပုန်းနေရတယ်။ တချို့လည်း ယာတော၊ ကိုင်းတောတွေထဲ သွားပြီး ညအိပ်ကြတယ်။ ရွာတွေထဲမနေရဲကြဘူး။ လမ်းသွားရင်းလည်း လူငယ်တွေ အဖမ်းခံရ၊ ပေါ်တာဆွဲခံရတွေ ဖြစ်နေတယ်။ မြို့ပေါ်ထက် ရွာတွေဘက်မှာ ပိုပြီး အဖမ်းခံနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဧပြီလ ကရင်ပြည်နယ်တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo: AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article