25 C
Yangon

ကမ္မမြို့ ရေနံ ဖြန့်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်

Must read

ကမ္မမြို့ ရေနံ ဖြန့်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇွန် ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရေနံ သဘာဝ ဓာတ်ငွေ့ ဖြန်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ ထံမှ သိရသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် ကမ္မမြို့ ရေနံသဘာဝဓါတ်ငွေ့ဖြန်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦးသည် BA-93 (U Zi) သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၅၀ တောင့် တို့ယူဆောင်လာပြီး ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်လာသော ရဲတပ်သားကို ဂုဏ်ပြုဆုကြေးငွေ ချီးမြှင့်ခဲ့ပြီး ဘေးကင်းရာကို ပို့ဆောင်ထားကြောင်း၊ ဆက်လက်၍ စစ်ကောင်စီ တပ်သားများ အနေဖြင့်လည်း နီးစပ်ရာမှ တစ်ဆင့် ပြည်သူ့ရင်ခွင်လှုံ၍ အမြန်ဆုံးအလင်းဝင်ကြရန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article