25 C
Yangon

ရေဖြူ၊ ရာဖူးရွာသစ်အနီး တိုက်ပွဲ ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး၊ စစ် တပ်၏ ပစ်ခတ်မှုကြောင့် လသားကလေး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

Must read

ရေဖြူ၊ ရာဖူးရွာသစ်အနီး တိုက်ပွဲ ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး၊ စစ် တပ်၏ ပစ်ခတ်မှုကြောင့် လသားကလေး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်က ၆ ဦး သေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် သာယာမွန်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့ပြီးနောက် လက်နက်ကြီးဖြင့် ကျေးရွာများကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ရေပူရွာသစ် မှ လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ရန်သူစစ်ကြောင်းထိုးလာတဲ့အပေါ်မှာ ကျွန်တော်တို့က ကြားဖြတ်ဟန့်တား တိုက်ခဲ့တာဖြစ်ပါတယ်။ ရွာထဲမှာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးတာရှိတယ်။ ကားတွေနဲ့ ကလိန်အောင်ဘက်ကို သယ်သွားတယ်။ တိုက်ပွဲအပြီးမှာ မောရဝတီရေတပ်စခန်းက လက်နက်ကြီးနဲ့ ပစ်လိုက်တဲ့အပေါ်မှာ ဘာမှမဆိုင် တိုက်ပွဲနဲ့ မပတ်သက်တဲ့ ရေပူရွာသစ်ကို လက်နက်ကြီးတစ်လုံးကျခဲ့တယ်။ လက်နက်ကြီး တစ်လုံးက မိသားစုတစ်စုရဲ့ အိမ်ပေါ်ကို ကျခဲ့တယ်။ မိသားစုအဖွဲ့ဝင် လေးယောက်ထဲက ၃ ယောက်က သေဆုံးသွားခဲ့တယ်” ဟု MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသူများတွင် လသားအရွယ် ကလေးငယ် ၁ ဦး၊ မိဘ ၂ ပါး စုစုပေါင်း ၃ ဦး သေဆုံးသွားခဲ့ကြောင်း၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာမူ လက် နက်ကြီးထိခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရကာ အသက်လုနေရဆဲ ဖြစ် ကြောင်း MSRF ၏ ပြောရေးဆိုခွင့်ရှိ နိုင်နဂါးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းမဟာမိတ်တပ်များ၊ New Mon State Party – AD ၊ Saw Dragon Drone Force (ဒရုန်းတပ်ဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာတစ်စုံ တစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်က တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးကို ပြန်လည်ရရှိစေရန် အရပ်ဝတ်များနှင့် အင် အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း၊ စစ်ရေးအခြေအနေများ တင်းမာလျက်ရှိကြောင်း MSRF အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article