25 C
Yangon

မြောင်မြို့နယ်နှင့် မြင်းမူတို့တွင် စစ်တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန်လ ၁၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲရှိအကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း – SDDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ ည ၃ နာရီ ၃ မိနစ်အချိန်မှ ၄ နာရီ ၃၀ မိနစ်အချိန်အထိ မြောင်မြို့နယ်၊ မြောင်လမ်း ခွဲတွင် အခြေချနေထိုင်နေသော ဘိုးမင်းကြီး အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအရှေ့ဘက်ရှိ ကြမ်းဖက်စစ်တပ်စခန်း ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း – SDDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်အထိ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာအရှ့ဘက်ရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီများ အခြေချနေထိုင်သည့် ဂိတ်စန်းကို “Shar Htoo WAW” နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေတဲ့သတင်းတော့ ထပ်မသိရသေးဘူး၊ ဒုတိယအကြိမ်တိုက်ခိုက်မှုမှာတော့ ဒဏ်ရာရတဲ့ စစ်ခွေး တွေကို အလ္လကပ္ပ ကျေးရွာထဲမှာ ဆေးကုတယ်လို့ သိရတယ်” ဟု စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း – SDDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း – SDDF နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်းမြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမြင်းမူ ပကဖURBAN HUNTER FORCE(UHF)လျှပ်တပြတ် စွန်ညိုMeikhtila Special Defense Force နှင့် Black Eagle တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article