25 C
Yangon

၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လဖိုင်နယ်ခြားစောင့်တပ်စခန်းကို KIA က သိမ်းပိုက်၊ ယနေ့ တစ်နေ့တည်း KIA က စစ်တပ်စခန်း ၃ ခုကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လဖိုင်နယ်ခြားစောင့်တပ်စခန်းကို KIA က သိမ်း ပိုက်လိုက်ပြီး ယနေ့ တစ်နေ့တည်း KIA က စစ်တပ်စခန်း ၃ ခုကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ ခစတ ၁၀၀၃ နယ်ခြားစောင့်တပ်၊ လဖိုင် စစ်တပ်စခန်းကို KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန် ၀ိုင်းမော်မြို့နယ် ဆဒုန်းလမ်းမပေါ်ရှိ ဘွမ်တောင်စခန်းကိုလည်းကောင်း၊ နံနက် ၉ နာရီအချိန် ၀ိုင်းမော်မြို့ နယ်၊ ချီဖွေ-ဆဒုံးလမ်းခွဲရှိ ၁၃ မိုင် စစ်တပ်စုပေါင်းဂိတ်ကိုလည်း ကောင်း၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ လဖိုင် နယ်ခြားစောင့်တပ်စခန်းကိုလည်းကောင်း အသီးသီး တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက ၀ိုင်းမော်မြို့နယ်အတွင်းတွင် လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်နေပြီး စစ်ဘေးရှောင် ပြည်သူ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article