25 C
Yangon

အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်း ၄ သောင်း နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၇၀ ကျပ်ဝန်းကျင် စျေးတန်းရှိနေ

Must read

ရန်ကုန်၊ ဇွန် ၁၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်း ၄ သောင်းကျပ်ဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၇၀ ကျပ်ဝန်းကျင်တွင် စျေးရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်နှင့် နိုင်ငံ ခြားငွေလဲဒိုင်တိုထံမှ သိရှိရသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၀၀ ကျော်သို ပြန်လည် မြင့်တက်ခဲ့သဖြင့် ပြည်တွင်း ရွှေစျေးမှာလည်း ပြန်လည် မြင့်တက်လာကြောင်း၊ ရန်ကုန်ရွှေအသင်းကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်း ၅ သောင်းခွဲ စျေးသတ်မှတ်ကြောင်း ၊ သိုရာတွင် ယခင်ရက်များကဲ့သိုပင် အရောင်းအဝယ်မရှိဘဲ ရပ်ဆိုင်းနေကြောင်း သိရှိရသည်။

“နောက်တစ်ပတ်လောက်နေလိုမှ စျေးကလည်း ဒီလိုပဲ ဖြစ်နေတယ်။ အရောင်း အဝယ်တွေလည်း ပါးတယ်ဆိုရင်တော့ ဒီက ပြည်တွင်းရွှေတွေ အိမ်နီးချင်းနိုင်ငံစျေးကွက်တွေဆီ သွားဖို သေချာသလောက်ပဲ။ အခု မိုးတွင်းမှာ ရွှေတူးတာတွေ ရပ်နားလို ရွှေပြတ်နေချိန်မှာ အိမ်နီးချင်းနိုင်ငံစျေးကွက်တွေဆီ ရွှေတွေ ထပ်စီးရင်တော့ ပြည်တွင်းမှာ ရွှေတွေ ပိုပြီး ပြတ်လပ်လာမယ်ထင်တယ်။ အခုလည်း ရောင်းချင်သူတွေက ရောင်းမရဘူး။ စျေးကောင်းလည်း မရတော့ ရတဲ့စျေးကွက်ဆီ ပိုကြ ရောင်းကြမှာပဲ” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီက ရွှေဆိုင်များကို စောင့်ကြည့်မှုများ လုပ် ဆောင် နေပြီး ရွှေကုန်သည်အများစုမှာလည်း ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article