25 C
Yangon

ဘန်ကောက်ရှိ စျေးအကြီးဆုံး ဇိမ်ခံ SCOPE Langsuan ကွန်ဒိုတွင် မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန်နှင့် စစ်ဗိုလ်ချုပ် မိသားစုများက ကွန်ဒိုအခန်းများ ဝယ်ယူမှုကို ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းနေ

Must read

ကွန်ဒို ဝယ်ယူမှုနှင့် ဆက်စပ် ပတ်သက်နေသူများကို မှတ်တမ်းတင်ထားပြီး တော်လှန်ရေးအလွန်ကာလ နိုင်ငံ့ဘဏ္ဍာ အဖြစ်သိမ်းမည့်အပြင် ပတ်သက်သူများကိုပါ အရေးယူမည်

ရန်ကုန်၊ ဇွန် ၁၂

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ စျေးအကြီးဆုံး ဇိမ်ခံ SCOPE Langsuan ကွန်ဒိုတွင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် နှင့် စစ်ဗိုလ်ချုပ် မိသားစုများက ကွန်ဒိုခန်းများ ဝယ်ယူထားမှုကို စုံစမ်း ဖော်ထုတ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်သူ့ရဲတပ်ဖွဲ (People’s Police) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဘန်ကောက်မြို့၏ အချက်အခြာ ကျသော နေရာတစ်ခုဖြစ်သည့် Lang Suan လမ်းမကြီးပေါ်ရှိ ထိုင်းနိုင်ငံ၏ ထိပ်တန်း စျေးအကြီးဆုံး ကွန်ဒိုတစ်ခုဖြစ်သော Scope LangSuan ကွန်ဒိုတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများက နာမည် အမျိုးမျိုးကို အသုံးပြုကာ ကွန်ဒိုတိုက်ခန်းများ ဝယ်ယူပိုင်ဆိုင်ထားကြကြောင်း သိရသည်။

ခင်သီရိသက်မွန်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများ အတွက် အဆိုပါ ကွန်ဒိုတွင် အခန်းများဝယ်ယူနိုင်ရန် အဓိက ကူညီဆောင်ရွက်ပေးသူမှာ Air China ၏ တရားဝင် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ဖူးသော ဒေါ်သန်းသန်းလေး၏ သမီး ဖြစ်သူ မြ ဖြစ်ကြောင်း သိရှိရသည်။

မြ ၏ ဖခင်သည် ၁၉၉၂-၁၉၉၇ ကာလ နဝတ အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး (ကကဆက် ညွှန်မှူး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော OTS 16 မှ ဗိုလ်မှူးချုပ်ဟောင်း စိန်လေး ဖြစ်ပြီး စစ်တပ် အသိုင်း အဝိုင်းနှင့် နီးစပ်သူများ ဖြစ်ကြောင်း၊ အဆိုပါ ကွန်ဒိုအခန်းများကို ဝယ်ယူသည့်ကိစ္စတွင် မြ က ၁ စတုရန်းမီတာလျှင် ထိုင်းဘတ်ငွေ ၈ သိန်းနှုန်းခန့်ဖြင့် အခန်းများ ဝယ်ယူနိုင်ရန် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

မင်းအောင်လှိုင် သမီးနှင့် စစ်ဗိုလ်ချုပ် မိသားစုများဝယ်ယူထားသော SCOPE Langsuan ကွန်ဒိုတွင် အိပ်ခန်း ၁ ခန်း နှင့် အိပ်ခန်း ၂ ခန်း၊ အိပ်ခန်း ၃ ခန်း စသည့်ဖြင့် အခန်း အမျိုးအစားများရှိပြီး အိပ်ခန်း ၁ ခန်းပါ ၈၄ စတုရန်းမီတာကျယ်ဝန်းသော ကွန်ဒိုတစ်ခန်းလျှင် တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ သိန်း ၅၄၀ ကျော်ခန့်ရှိကြောင်း၊ အိပ်ခန်း ၂ ခန်း ပါ ၁၅၄ စတုရန်းမီတာ ကျယ်ဝန်းသော ကွန်ဒိုအခန်းမှာ သိန်း ၁၂၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။

အဆိုပါ Scope LangSuan ကွန်ဒိုသည် ယမန်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အသစ်စက်စက် ကွန်ဒိုတစ်ခုဖြစ်ပြီး အခန်းပေါင်း ၂၂၆ ခန်း ပါဝင်သည့် ၃၄ ထပ်ရှိသော အထပ်မြင့်ဇိမ်ခံကွန်ဒိုတစ်ခုဖြစ်ကြောင်း သိရသည်။

ကွန်ဒို အခန်းဝယ်ယူမှုနှင့် ဆက်စပ် ပတ်သက်နေသူများကို အမျိုးသားညီညွတ် ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ (People’s Police) က ဆက်လက် ဖော်ထုတ်ကာ မှတ်တမ်းတင်ထားမည်ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလ ရောက်သည့်အခါ တရားဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း၊ ပိုင်ဆိုင်မှုများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG အစိုးရ ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article