25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် ဆိုင်ကယ် ခိုးယူ ထွက်ပြေးသော ဒုရဲအုပ်ကို ပစ်ခတ်ဖမ်း ဆီးရာ ဒုရဲအုပ် သေဆုံးသွားပြီး သေနတ် ၂ လက်၊ ယူနီဖောင်း၊ ကျည်ကာများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာမှ ဒုရဲအုပ်တစ်ဦးက ပြည်သူ့ ဆိုင်ကယ်ကို ခိုးယူ ထွက် ပြေးစဉ် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ဒုရဲအုပ် သေဆုံးပြီး သေနတ် ၂ လက်၊ ယူနီဖောင်းနှင့်ကျည်ကာများ သိမ်းဆည်းရရှိခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ကြွယ်ပုံ ပျူစောထီးရွာမှ ဒုရဲအုပ် ၁ ဦးသည် ပြည်သူပိုင် ဆိုင်ကယ်ကို ခိုးယူ ထွက်ပြေးစဉ် နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လိုက်လံ ဖမ်းဆီးခဲ့ကြောင်း၊ ဒုရဲအုပ်က ခြောက်လုံးပြူး သေ နတ် ဖြင့် ပြန်လည် ပစ်ခတ်ရန် ပြုလုပ်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့ခြင်း ကြောင်း သိရသည်။

သေဆုံးသွားသော ဒုရဲအုပ်ထံမှ MA- 13 သေနတ် ၁ လက် ၊ ခြောက်လုံးပြူး ပစ္စတို သေနတ် ၁ လက် ၊ MA – 13 ကျည် ၁၀၀ တောင့် ၊ ခြောက်လုံးပြူး ပစ္စတို ကျည် ၁၃ တောင့် ၊ ဖုန်း ၁ လုံး ၊ ကျည်ကာ ၁ ထည် နှင့် ကျည်ကာ ဦးထုပ် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

” ကျေးရွာတွေကို မီးလိုက်ရှို့နေတဲ့ ကြွယ်ပုံ ပျူစောထီးရွာမှာ တပ်စွဲထားတဲ့ စစ်ခွေး စစ်ကြောင်းထဲက ဒုရဲအုပ် ၁ ကောင် ပြည်သူပိုင် ဆိုင်ကယ်ကို ခိုးယူ စီး နင်းပြီး ထွက်ပြေးသွားတာကို ပြည်သူတွေက သ တင်း ပေးလို့ နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့က လိုက်ဖမ်းတာပါ။ သူ ပိတ်မိသွားတော့ ရဲခွေးက ခြောက်လုံး ပြူးထုတ်ပြီး ပစ်ဖို့လုပ်လို့ ပစ်ခတ် ဖမ်းဆီးလိုက်တာ ပွဲချင်းပြီး သေပါတယ်။ ကျန်နေတဲ့ စစ်ကြောင်းက စစ်ခွေးတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ သတိပေး ပြောကြားချင်ပါတယ်” ဟု နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article