27 C
Yangon

မြင်းမူမြို့နယ်တွင် ရုပ်ရှင်ပြပွဲနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများဆွေးနွေးတင်ပြခြင်းများ ပြုလုပ်

Must read

မြင်းမူမြို့နယ်တွင် ရုပ်ရှင်ပြပွဲနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများဆွေးနွေးတင်ပြခြင်းများ ပြုလုပ်

ရန်ကုန်၊ဇွန် ၁၇

မြင်းမူမြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် အထက(ခွဲ) ကဲဘာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့က ပူးပေါင်း၍ ရုပ်ရှင်ပြပွဲ နှင့်မိုင်း အန္တရယ်ကာကွယ်ရေးနည်းလမ်းများဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရုပ်ပ်ရှင်ပြပွဲတွင် ပြည်သူများကို နိက္ကမ ဇာတ်လမ်းတို ပြသခဲ့ပြီး “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ဘန်နာစာသားများချိတ်ဆွဲ၍ ပြည်သူများကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ နှင့်ပတ်သက်ပြီး အရေးပေါ်တိုက်တွန်းနှိုးဆော်ချက်ကို ဖတ်ပြခြင်း၊ မိုင်းအန္တရာယ်ကာကွယ် ရေးနည်းလမ်းများဆွေးနွေးတင်ပြခြင်း၊သပိတ်တရားများဟောကြားခြင်းများကို ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article