ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် မိုင်းရှင်းနေသော အကြမ်း ဖက်စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားကြောင်း Area 71 PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ချောင်းဦးမြို့၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အရပ်သားပြည်သူများအသွင်ယူပြီး မိုင်းရှင်းနေသာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် Aera 71 PDF တပ်ဖွဲ့မှ ထောင် ထားသော မိုင်းကွင်းပေါ်တည့်တည့်သို့ ရောက်ရှိလာသဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“ထိထိမိမိပဲ ဆွဲလိုက်ရတာ၊ ၃ ဦးသေတယ်၊ လောလောဆယ်တော့ တောပုရွာကနေ ထွက်လာတဲ့ စစ်ခွေးတွေက ပုရစ်ကုန်းတောင်ရွာကို မီးရှို့နေတယ်၊ နေအိမ် ၃ လုံးလောင်သွားပြီ၊ ပြည်သူတွေက တော့ ရှောင်နေကြရတယ်၊ အား လုံးကတော့ ဘေးကင်းကြပါတယ်၊ ကျနော်တို့ စစ်မိစ္ဆာတွေကို အမြစ်ပြတ်ရှင်းထုတ်နိုင်ဖို့ ကြိးစားနေပါတယ်၊ ပြည်သူတွေ အားတင်းထားပေးကြဖို့ ပြောချင်ပါ တယ်” ဟု Area 71 PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ခရီးသွားပြည်သူများ၏ ကားများကို တားဆီးကာ ကားပေါ်မှ ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေသည်မှာ ဇွန်လ ၁၇ ရက်နေ့မှစ၍ ယနေ့အထိ ၃ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသည့် အကြမ်းဖက်စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
