27 C
Yangon

ရေစကြိုမြို့နယ်၊ တောင်အိုဂိတ်မှ ထန်းရည်သောက်ရန် ထွက်လာသည့် စစ်သား ၁ ဦးကို PDF တပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် လက်နက်ချ ထွက်ပြေးသွား၍ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်အိုဂိတ်မှ ထန်းရည်သောက်ရန် ထွက်လာသည့် စစ်သား ၁ ဦးကို လိုက်လံဖမ်းဆီးစဉ် လက်နက်ချ ထွက်ပြေးသွား၍ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ တောင်အိုရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်မှ စစ်သားတစ်ဦးသည် ထန်းရည်သောက်ရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ မှ ရဲဘော်များက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ လက်နက်ချ ထွက်ပြေးသွားသဖြင့် MA 1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ 5.56 ကျည် ၄၅ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

“ပုံမှန် လေးငါးယောက် ထွက်လာနေကြမို့ စောင့်နေတာ ကြာပြီ၊ အခုက တစ်ယောက်တည်းထွက် လာတာ၊ ပစ်ခတ်မှုမရှိခဲ့ဘူး။ ကျနော်တို့က အရှင်ဖမ်းဖို့ ကြိုးစားတဲ့အပေါ် အခွင့်အရေးရပြီး လက် နက်တွေချပြီး ထွက်ပြေးသွားတာ၊ လိုက်ဖမ်းဖို့ကျ စစ်ကူအတွက်လည်း ပြင်ဆင်ရတာရော၊ အခြား အဖွဲ့တွေလည်းရှိနေတာမို့ လွတ်မြောက်သွားတာ” ဟု ပခုက္ကူခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သားကို နယ်မြေချင်းထိစပ်နေသည့် အခြားတော်လှန်ရေး အဖွဲ့အစည်းတစ်ခုက ဖမ်းမိသွားကြောင်းသိရသည်။

ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း အနေဖြင့် အမေစု အပါအဝင် စစ်ကောင်စီ၏ မတရားဖမ်းဆီး အ ကျဉ်း ချထားခံရသူများအား အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရရှိအောင် အခြားတော်လှန်ရေး အဖွဲ့ အစည်းများနှင့်အတူ တော်လှန်ကဏ္ဍများတွင် ကြိုးစားလျက်ရှိကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article