24.8 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ၅ သောင်း စျေးတန်းရှိ

Must read

ရန်ကုန်၊ ဇွန် ၂၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ၅ သောင်း စျေးတန်းရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာစျေး အနည်းငယ်မြင့်တက်လာပြီး ရွှေစျေးမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း၊ ကမ္ဘာ့ရွှေစျေးမှာလည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၈၀ ရှိကြောင်း သိရှိရသည်။

“အရွက်စျေး နည်းနည်းတက်တယ်။ ကမ္ဘာ့ရွှေစျေးလည်း တက်တယ်။ အဲဒါကြောင့် ပြည်တွင်းရွှေစျေးရော ဒေါ်လာစျေးရော လိုက်တက်တယ်။ အရောင်းအဝယ်ကတော့ ခပ်ပါးပါးပဲ။ အချင်းချင်း နားလည်မှုနဲ့ ချိတ်ဆက်ရောင်းကြတယ်” ဟု ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီ၏ အဖမ်းအဆီးများက ဆက်လက်တည်ရှိနေဆဲဖြစ်၍ ပြင်ပစျေးကွက် အပြည့်အ၀ ပြန်လည် မလည်ပတ်နိုင်သေးဘဲ ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ အရောင်းအဝယ်များ ညှိနှိုင်းရောင်းချနေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article