29.5 C
Yangon

မြန်မာနိုင်ငံမှ ထပ်မံ ထွက်ပြေးလာမည့် ရိုဟင်ဂျာဒုက္ခသည်များကို လက်မခံတော့ဟု ဘင်္ဂလားဒေ့ရှ်ပြော

Must read

မြန်မာနိုင်ငံမှ ထပ်မံ ထွက်ပြေးလာမည့် ရိုဟင်ဂျာဒုက္ခသည်များကို လက်မခံတော့ဟု ဘင်္ဂလားဒေ့ရှ်ပြော

ရန်ကုန်၊ ဇွန် ၂၄

မြန်မာနိုင်ငံမှ ထပ်မံ ထွက်ပြေးလာမည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် အနေဖြင့် ထပ်မံ လက်ခံတော့မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mizanur Rahman က ဇွန် ၂၂ ရက်နေ့တွင် ပြောဆိုသည်။

မြန်မာစစ်တပ်နှင့် AA ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး​ြ့မည့် ဒုက္ခသည်အသစ်အရေအတွက် များစွာ ပေါ်ထွက်လာမည်ကို ဘင်္ဂလားဒေ့ရှ်က စိုးရိမ်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော သိန်းနှင့်ချီသော ရိုဟင်ဂျာအများစုမှာ ရခိုင်မှ လာသူများဖြစ်သော်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

“မြန်မာနယ်စပ် တစ်ဖက်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေ့စဉ်နဲ့အမျှ လူတွေ သေနေကြတယ်။ မောင်တောမြို့သည် ရိုဟင်ဂျာအများစုနေထိုင်ရာ ဒေသဖြစ်ပါတယ်။ ရိုဟင်ဂျာတချို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်လို့ ကြားသိရပါတယ်။ ကော့ဘဇားအောက်က Teknaf ခရိုင်အနီးက မြန်မာဘက်ခြမ်း နယ်စပ်မှာ စုရုံးနေကြတယ်”ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mizanur Rahman က ဆိုသည်။

လက်ရှိတွင် ရိုဟင်ဂျာမွတ်စလင် တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ အကျဉ်းစခန်းများတွင် နေထိုင်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်များကို ထပ် လက်ခံနိုင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုသည်။

“ကော့ဘဇားစခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ မောင်တောနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ သူတို့ရဲ့ ဆွေမျိုးတွေရဲ့ လုံခြုံရေးနဲ့ ကံကြမ္မာအတွက် အလွန်စိုးရိမ်နေကြပါတယ်။ (ဒါပေမယ့်) ဘင်္ဂလားဒေ့ရှ်အနေနဲ့ နောက်ထပ် ရှေ့မှာ ရိုဟင်ဂျာ၁ သန်းကျော် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ထပ်ပြီး လက်ခံလို့ မရတော့ဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ ပစ်ခတ်မီးရှို့ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ရိုဟင်ဂျာ ထောင်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်ကာလ ရိုဟင်ဂျာ ဒုက္ခသည်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article