ဒီကနေ့ ဇွန် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး လိုက်ပါလာတဲ့ကားဟာ အရပ်အိမ်စီးကားဖြစ်တဲ့အပြင် သာသနာ့အမှတ်တံဆိပ်မပါသလို အရပ်အိမ်စီးကားဖြစ်ပြီး ယာဉ်ရပ်တန့် ခြင်းမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် စစ်တပ်က ပစ်ခတ်ခဲ့ရတာလို့ အကြမ်းဖက် မင်းအောင်လှိုင်က မနေ့က တောင်းပန်လိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်တယ်လို့ သိရပါတယ်။
- ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့အတွက် ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာသွားတာကြောင့် လူသူမရှိ ခြောက်ကပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
