27 C
Yangon

မြင်းမူမြို့ရှိ စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကြောင်းနှင့် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Sagaing District Drone Force-SDDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်အထိ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား၌ ဂိတ်စခန်းချကာ ပြည်သူထံမှ ဆက်ကြေး ကောက်နေသော စစ်တပ်ဂိတ်ုကိ “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings ဒရုန်း ဖြင့် ဗုံး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်မှု ၂ ကြိမ်မှာ စစ်သား ၂ ဦးပွဲချင်းပြီးသေတယ်၊ ၈ ဦးထိခိုက်ဒဏ်ရာ အပြင်းအထန်ရတယ်၊ ၁ ဦးကတော့ ဒုက္ခိတဘဝရောက်တယ်လို့ သတင်းရထားပါတယ်။” ဟု Sagaing District Drone Force-SDDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်အချိန် မြင်းမူမြိုမရဲစခန်းနှင့် စစ်သားများ အခြေချနေထိုင်လျက်ရှိသောနေရာကို Sagaing District Drone Force-SDDFနှင့်အတူ ညီနောင်မဟာမိတ်များမှ “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Sagaing District Drone Force-SDDF ၊ စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်း၊ Chaung U People Defense Force- CHU PDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ URBAN HUNTER FORCE(UHF) နှင့် Meikhtila Special defense Force တို့ ပူးပေါင်း ကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article