27 C
Yangon

ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာတွင် စစ်သားစုဆောင်းနေသော ပျူစောထီးခေါင်းဆောင် အပါအဝင် မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ဆန်းဦး အပါအဝင် ၃ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Chauk Guerilla Force – CGF မှ တာဝန်ခံ ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၄ ရက် ည ၈ နာရီခန့်က ချောက်မြို့နယ်နှင့် ထိစပ်လျက်ရှိသည့် ညောင်ဦးမြို့နယ်၊ တောင် ဇင်းတိုက်နယ် ၊ ချောင်းရှည်ကျေးရွာတွင်နေထိုင်သော ပျူစောထီးခေါင်းဆောင် အောင်ဆန်းဦး၊ သား အကြီး ညီညီလင်းနှင့် သမီးဖြစ်သူ မြတ်မြတ်သူတို့သည် အကြမ်းဖက်စစ်တပ်အာဏာတည်မြဲရေး အတွက် အတင်းအဓမ္မစစ်သားစုဆောင်းပြီး ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပန်းနေသဖြင့် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“သူတို့ကတွေ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေလုပ်တယ်၊ အခွန်တွေ၊ မီတာတွေကို သမီး ဖြစ်သူက အတင်းအဓမ္မ ကောက်ခံတာ ၊ ခြိမ်းခြောက်တာမျိုးတွေလုပ်တယ်၊ ဖုန်းတစ်လုံးပဲ သိမ်း ဆည်းခဲ့တယ်။ ရှင်းလင်းပြီးတော့ စခတွေကင်းပတ်တာ၊ အခင်းဖြစ်တဲ့နေရာတွေလာတာတော့ ရှိ တယ်။ ထိပ်တိုက်တွေ့ဆုံမှုတော့မရှိခဲ့ပါဘူး” ဟု Chauk Guerilla Force – CGF မှ တာဝန်ခံ ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerilla Force – CGF ၊ ချောက်မြို့နယ်ပကဖ နှင့်အရိန္ဒမာ PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်အာဏာရှင်၏ ထောက်တိုင်များဖြစ်ကြသော ပျူစောထီး၊ အုပ်ကြီးများ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူလူထုကို ဒုက္ခပေးနေသည့် စစ်အာဏာရှင် အမြစ်ပြတ် သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article