28 C
Yangon

ကျောက်မဲမြို့ ၃၅၂ အမြောက်တပ်ကို TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိဟု ဒေသပြည်သူများ ပြောဆို

Must read

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ၃၅၂ အမြောက်တပ်ကို TNLA ကတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အမှတ် ၃၅၂ အမြောက်တပ်ရင်းကိုလည်းကောင်း၊ ယနေ့ နံနက် ၅ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန် ကျောက်မဲမြို့ စခန်းသာကုန်းကိုလည်း TNLA က တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း ၃၅၂ အမြောက်တပ်ရင်းကို သိမ်းပိုက်ရရှိထားပြီဆိုသော သတင်းများ ကြားသိရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“အမြောက်တပ်ကတော့ ရသွားပြီ ပြောတယ်။ မြို့ထဲမှာလည်း TNLA တပ်တွေ အလုံး အရင်းနဲ့ ဝင်နေကြပြီ။ မြို့ထဲမှာ ပစ်ခတ်မှုတွေတော့ ရှိနေတုန်းပဲ။ ကျောက်မဲမြို့ပေါ် နေရာ အတော်များများတော့ TNLA တပ်ဖွဲ့ဝင်တွေ လုံခြုံရေး လုပ်ဆောင်နေတာတွေ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါ အဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူထားကြောင်း ကျောက်မဲမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုကြသည်။

ဓာတ်ပုံ – ကျောက်မဲဒေသမှ စစ်သားအလောင်းများဟုဆိုကာ ဒေသပြည်သူများက ပေးပို့လာစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article