26 C
Yangon

တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး နုတ်ထွက်၊ ပြောင်းရွှေ့၊ ထွက်ခွာသွားရန် KNU က အမိန့်ထုတ် သတိပေး

Must read

ရန်ကုန်၊ ဇွန် ၂၈

ကရင်အမျိုးသား အစည်းအရုံး – KNU ဒူးပလာယာခရိုင်အတွင်းရှိ အကြမ်း ဖက်စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး နှုက်ထွက်၊ ပြောင်းရွှေ့၊ ထွက်ခွာသွားကြရန်နှင့် ထုတ် ပြန်ထားသည့်အမိန့်ကို လိုက်နာခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

KNU- ဒူးပလာ ယာခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ နေ့စဥ်နှင့် အမျှ နေရာအနှံ့ ဖော်ဆောင် လျက်ရှိသည့်အပြင် KNU ၏ အုပ်ချုပ် ရေး ယန္တရားများလည်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ် ကိုင်ဆောင်ရွက်ရာ၌ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“လက်ရှိအခြေအနေက မြို့သိမ်းတိုက်ပွဲတွေလည်းရှိလာတယ်၊ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့ က ဖက်ဒရယ်ယူနစ်ကို သွားမှာဖြစ်တဲ့အတွက် အုပ် ချုပ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်တာ ရှိတယ်။ တချို့သောအခန်းကဏ္ဍလေးတွေမှာ ရှုပ်ထွေးတာပေါ့၊ ပညာရေး၊ ကျန်းမာရေးတွေလည်း ပါတာပေါ့။ အဲဒီအပေါ်မှာ စာထုတ်ရတာပါ၊ သူတို့လည်း သူတို့ရဲ့အသိ တရားနဲ့ သူတို့ ကောင်းမွန်စွာ နဲ့ နုတ်ထွက်သွားရင်တော့ ကောင်းတာပေါ့။ အဓိက က အာဏာ ရှင်မြန်မြန်ပြုတ်ကျဖို့ပဲလေ။ အောက်ခြေဝန်ထမ်းတွေ မရှိတော့မှ ကျနော်တို့သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးလည်းမြန် သွားတာပေါ့။ လိုက်နာခြင်းမရှိဘူးဆိုရင်တော့ ထုတ်ပြန်ချက်ထဲမှာတဲ့အတိုင်းပဲ ကျနော်တို့က လုပ် ဆောင်သွားမှာဖြစ်ပါတယ်” ဟု KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သို့ဖြစ်ပါ၍ ဒူးပလာယာခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှုပ် ထွေးမှုများ မရှိစေရန် စစ်ကောင်စီ လက်အောက်ခံ ဌာနအသီးသီးတွင် အမှုထမ်းလျက်ရှိနေသော ဝန်ထမ်း များအားလုံး မိမိတို့၏ သက်ဆိုင်ရာ ဌာနမှ နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း ပြုလုပ်ရန် (သို့မဟုတ်) ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အတူ ပူးပေါင်း ပါဝင်ကူညီပေးရန် နှင့် စစ်ကောင်စီ ကို အားပေး၊ ထောက်ခံ၊ ကူညီသော မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ရန် သတိပေးထုတ် ပြန်သည်။

ယင်း ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက KNU- ကရင် အမျိုးသား အစည်း အရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ မှ အဆင့်ဆင့်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNU တပ်မဟာ ၆ ၊ ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

KNU တပ်မဟာ ၆ ၊ ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article