24.4 C
Yangon

မြင်းခြံခရိုင်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်မှု စတင်လိုက်ပြီး ပြည်သူများနှင့် ချီတက် ဆန္ဒပြ၊ သံဃာများ ကံဆောင် သပိတ်မှောက်သည့် မြို့နယ် ၁၇ ခုအထိ ရှိလာ

Must read

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊မြင်းခြံခရိုင်အတွင်းမှ သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်မှု ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်တွင် မြင်းခြံ၊ တောင်သာ နှင့် နွားထိုးကြီးမြို့နယ်တို့ပါဝင်ပြီး လက်ရှိအချိန်တွင် အကြမ်း ဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားသော သံဃာ့သပိတ်ကို ပူးပေါင်းပါဝင်လာသည့် မြို့နယ် ၁၇ ခုထိရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူလူထုစုပေါင်း၍ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်လှုပ်ရှားမှုကို ဇူလိုင်လ ၂ရက်နေ့တွင် မြင်းခြံခရိုင်အတွင်းကျင်းပပြုလုပ်ခဲ့ကြပြီး အဆိုပါလှုပ်ရှားမှုကို သံဃာတော်အရှင်သူမြတ်များ၊ မြင်းခြံခရိုင်၊တပ်ရင်းအမှတ် ၁ ၊ တပ်ရင်းအမှတ် ၃၊ တပ်ရင်းအမှတ် ၈ ၊ မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူလူထုတို့ ပူးပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ဆောင်မှု ပြုလုပ်ကြရာတွင် ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ မြင်းမူ၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် ပေါက်မြို့နယ်၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ် အပါအဝင်စုစုပေါင်း မြို့နယ် ၁၇ ခုမှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article