27 C
Yangon

ချောင်းဦး၊မုံရွာ-မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defense Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁ ရက် ညနေ ၅ နာရီ ၂၃ မိနစ်အချိန်ခန့် စစ်ကိုင်းမြို့မှ ထွက်လာသော ကြေးနီ တင်တွဲကား ၁၇ စီးပါ ယာဥ်တန်း အနက် ၂ စီးမြောက် တွဲကားကို မုံရွာ-ချောင်းဦး လမ်း ပိုင်း တိုးဂိတ်အနီး၌ ထန်းလုံးမိုင်းအကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အလားတူ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီ ၂၃ မိနစ်အချိန် ဝမ်ပေါင်ဘက်မှထွက်လာသော ကြေးနီတင် တွဲ ကား ၁၇ စီးပါယာဥ်တန်း အနက် ၆ စီးမြောက်တွဲကားနှင့် ၇ စီးမြောက်တွဲကားတို့ကို နတ်ရေကန် နှင့် ရေပိုးစားကြား၌ ထန်းလုံးမိုင်းအကြီး ၂ လုံး ၂ ပွိုင့် စုစုပေါင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်စီးမှာ ခေါင်းပိုင်းထိမှန်၍ ကျန်တစ်စီးမှာ ခါးပိုင်းအားထိမှန်ခဲ့ကြောင်း၊ ထိမှန်သောကားများမှာ အ ရှိန်လျော့သွားပြီး ဖြည်းဖြည်းချင်း ဆက်လက်မောင်းနှင်သွားကြောင်း သိရသည်။

“သေဆုံးထိခိုက်ပျက်စီးမှုကတော့ စုံစမ်းလို့ မရသေးဘူး။ မိုင်းဆွဲပြီးတော့ ကင်းပုန်းတွေက ပြန်ပစ် တာရှိပါတယ်။ လမ်းဘေးတလျှောက် နေရာအနှံ့မှာ ကင်းပုန်းတွေက ရှိနေတော့ တော်တော် ဂရုစိုက် ပြီး မိုင်းထောင်ခွဲခဲ့ရတာပါ” ဟု People’s Defense Force – South Monywa မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa ၊ Youth Vigor Revolution Force ၊ Black Hunter People’s Task Force ၊ နွေဦးလူငယ် People’s Defense Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ လက်တွဲကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ – ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ဆောင်လေ့ရှိသော စစ်ကောင်စီ၏ တွဲကားတစ်စီး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ဆောင်လေ့ရှိသော စစ်ကောင်စီ၏ တွဲကားတစ်စီး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article