26 C
Yangon

စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာ ရဲကင်းစခန်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာရဲစခန်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က အနီးနားရှိ ရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာရဲကင်းစခန်းတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် အကြမ်းဖက် စစ်တပ်၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များ ဆက်တိုက်ပျံဝဲ နေကြောင်း သိရှိရသည်။

“ပင်လယ်ကြီးမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတုန်းပဲ စစ်ခွေးတွေက လေကြောင်းကနေ တိုက်ခိုက်နေတယ်။ ၄ လုံးရှိပြီ ကျဲချနေတာ ပြည်သူတွေ အထိအခိုက်များတယ်။ ရဟတ်ယာဉ်တွေကော ဂျက်ဖိုက်တာတွေကော ကနဦး သိရတာတော့ ရုံးပင်ကုန်းရွာက နေအိမ် ၂ လုံး ပျက်စီးသွားပြီး စစ်ခွေးတွေ ပစ်တဲ့ ဗုံးထိလို့ အမျိုးသား ၁ ဦးခြေပြတ်တယ်။ ပြည်သူ ၃ ဦးသေဆုံးတယ်လို့ သိထားရတယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းတွင် သိမ်းပိုက်ပြီးနောက် ပင်လယ်ကြီးကျေးရွာ ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article