28 C
Yangon

လားရှိုးမြို့ ပတ်ပတ်လည်တွင် ဒုတိယနေ့အဖြစ် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ ပတ်ပတ်လည်တွင် ယနေ့ ဒုတိယအနေ့အဖြစ် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ လားရှိုးမြို့နယ်ပတ်ဝန်းကျင်ရှိ မိုင်းတင်စစ်တပ်စခန်း၊ နောင်မွန်းစခန်း၊ မန်စံရေကျ တပ်စခန်း၊ နမ့်ပေါင်တပ်စခန်း၊ ညောင်ကုန်းတပ်စခန်း တို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့တွင် ရပ်ကွက် ၁၂ အရှေ့ဘက် ရှိ မန်းနားကုန်းတွင်လည်း တိုက်ပွဲ ထပ်မံ တိုးမြှင့် ဖြစ်ပွားနေကြောင်း သိရှိရသည်။

“လားရှိုးမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ။ နမ့်ပေါင်တပ်စခန်းတော့ ကျသွားပြီလို့ သတင်းတွေထွက်တယ်။ ဒါပေမယ့် အတိအကျ သိဖို့ခက်နေတယ်။ ပြည်သူတွေကတော့ ပိတ်မိနေဆဲပါပဲ။ လားရှိုးမြို့ထဲက ထွက်မရဘူး။ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ရရှိတာတွေ ရှိပါတယ်။ ဒါပေမယ့် သတင်းထုတ်ပြန်မှုမရှိသေးတော့ စောင့်ကြည့်ရပါမယ်” ဟု လားရှိုးဒေသမှ စစ်ရေးနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်မှုနှင့်အတူ လက်နက်ကြီးကျည်များကလည်း လားရှိုးမြို့တွင်းသို့ ကျရောက်ပြီး ပြည်သူများ သေဆုံးမှုများရှိနေကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အမှတ် ၁၁ ရပ်ကွက် ပညာရေး ကောလိပ်အနောက်ဘက် အုတ်ကွင်းထဲသို့ လက်နက်ကြီးကျည်ကျရောက်ပြီး အမျိုးသား ၃ ဦးသေဆုံးကြောင်း၊ လားရှိုးရပ်ကွက် ၉ နယ်မြေ ၃ တွင်လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် သားအမိ ၂ ဦး သေဆုံးသွားခဲ့ကြောင်း လားရှိုးဒေသသတင်းရင်းမြစ်နှင့် ပြည်သူများက ပြောဆိုကြသည်။

လက်ရှိတွင် လားရှိုးမြို့မှ ပြည်သူများက စစ်ဘေးရှောင်လိုကြသော်လည်း လမ်းများ ပိတ်ဆို့နေသဖြင့် အလွယ် တကူစစ်ဘေးရှောင်ရန် မဖြစ်နိုင်ကြဘဲ လားရှိုးမြို့တွင်းတွင် ပိတ်မိနေကြကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article