24.4 C
Yangon

ဆီဆိုင်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ထမ်းယံတိုင် ကျေးရွာမှ ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ၁ ဦး ဖမ်းဆီးသွား

Must read

ရန်ကုန်၊ဇူလိုင် ၄

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ထမ်းယံတိုင် ကျေးရွာမှ ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း PNLA က ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ထမ်းယံတိုင်ကျေးရွာမှ ဒေသ ပြည်သူ ခွန်တငွေနှင့် ခွန်မောင်ႏပေႏ သည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့် အိပ်ပေးရာမှ နေအိမ်ကို ပြန်လာစဉ် ကျေးရွာအတွင်း တပ်စွဲထားသည့် PNO အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

PNO အဖွဲ့က ထမ်းယံတိုင်ကျေးရွာသား ခွန်တငွေကို ရွာလယ်ခေါင်၌ ပစ်သတ်ခဲ့ပြီးနောက် ခွန်မောင်ႏပေႏကို ရွာပြင်သို့ ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ခွန်မောင်ႏပေႏနှင့် လက်ရှိချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း၊ ထို့ပြင် PNO အဖွဲ့က ၎င်းတို့ထံ လိုက်လာသည့် ရွာသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ပစ်သတ်ခံရသည့် ခွန်တငွေ၏ အလောင်းကို ယမန်နေ့ ညနေခင်းတွင် ပြည်သူများက PNO အဖွဲ့က ခြိမ်းခြောက်နေသည့်ကြားမှ ပြန်လည် ရယူနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်ပါးစေ ပြည်သူ့စစ်များသည် လက်ရှိအချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲထားလျက်ရှိပြီး ဒေသခံပြည်သူများအား ရွာပြင်ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ကြောင်း PNLA က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article