27 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရွှေသာယာတပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ သီပေါမြို့နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ပြောပါတယ်။ ဇူလိုင်လ ၃ ရက်နေ့က မိုးမိတ်မြို့နယ်၊ ရွှေသာယာတပ်စခန်းကို တအာင်းတပ်မတော် TNLA၊ PLA၊ PDF (513) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
  • ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ မြို့ထဲကို ကျရောက်ပေါက်ကွဲမှုတွေရှိနေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
  • ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးဟာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ-၁)ဆီမှာ ခိုလှုံလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article