25 C
Yangon

မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်တပ်၏ စစ်စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ နောင်ချိုတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

Must read

မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်တပ်၏ စစ်စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ နောင်ချိုတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၉

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းများဖြစ်သော သရက်တောစခန်းနှင့် မိုင်တိုင် ၆ တပ်စခန်းတို့ကို တအာာင်း တပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မွန်လွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း မိုင်တိုင် ၅ စခန်း နှင့် ယောမူးစခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြို့နယ် သဲခေါ်ရွာ အနီးတဝိုက်တွင်လည်း တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သဲခေါ်ရွာကို ဘန့်ဘွေးအခြေစိုက် အကြမ်းဖက် စစ်တပ်က အတွဲလိုက်ဒုံး ၃၁ လုံး နှင့် ဒရုန်းဖြင့် ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်း အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၁ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် တော့ဆန်ရွာကိုလည်း Jet Fighter ဖြင့် ၁ ကြိမ် ၊ လက်နက်ကြီးဖြင့် ၂ ကြိမ် ပြည်သူများရှိရာ နေရာကို ဦးတည် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင်း၊ ထို့ပြင် လားရှိုး၊ တန့်ယန်းမြို့နယ် စစ်ကောင်စီတပ် မန်ကတ်စခန်းက နားဆောင်ရွာကို လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရွှေတောင်ဦးရှိ ပြည်သူပိုင် နေအိမ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ် အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သရက်တောရွာ ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းကြီး ၁ ပါး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article