26 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသောနေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများ ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း Phoenix-Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ကြွယ်ပုံရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက Fix Wing Drone များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ နေထိုင်သော အဆောက်အဦးများ ထိခိုက် ပျက်ဆီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး တွေဘက်က အကျအဆုံးတော့ မရှိဘူးကြားတယ်။ သူတို့က ဗုံးခိုကျင်းတွေထဲ ဝင်ပြေးသွားတာ သူတို့ တပ်စွဲ‌ထားတဲ့ ဘုန်းကြီးကျောင်း ကတော့ အမိုးတွေ ပွင့်ထွက်ပျက်စီးသွားတယ်။ စစ်ခွေးတွေက အဲ့ဘုန်းကြီးကျောင်း အောက်တည့်တည့်မှာ ဗုံးခိုကျင်းတူးထားတာ” ဟု Phoenix-Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ Royal Falcon Guerrilla Force ၊ People Dictatorship Revolutionary Force (SGG) ၊ Unicorn Guerrilla Force ၊ အမှတ် (၁) စစ်ဒေသ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့ ၊ ကြောင်လက်သည်း (ဝက်လက်) ၊ နန်းတက်မင်း (ဝက်လက်) ၊ ဇာမဏီ (ဝက်လက်) ၊ စစ်ကိုင်းခရိုင် အမှတ် (၇) တပ်ရင်း တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article