29 C
Yangon

တိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေတွင် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်

Must read

ရန်ကုန်၊ဇူလိုင် ၁၀

တိုင်းစစ်ဌာန(တနင်္သာရီ)၊ ဗျူဟာ ၃၅ နယ်မြေတွင် အခြေခံစစ်ပညာသင်တန်းဆင်းပွဲတစ်ရပ်ကို ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

သင်တန်းတွင် တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝစေရန်၊ စစ်စည်းကမ်းနှင့်ကျင့်ဝတ် လိုက်နာမှုအားကောင်းရန်၊ အမိန့်နာခံမှု ရှိရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းကာလမှာ ရက် ၆၀ ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ တိုင်းစစ်ဌာနတာဝန်ရှိသူများ၊ တိုင်းတွင်းရှိ တပ်ရင်းတပ်ဖွဲ့တာဝန်ရှိများ တက်ရောက်ခဲ့ကြကြောင်း၊ တိုင်းစစ်ဌာန (တနင်္သာရီ)၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက သင်တန်းဆင်းရဲဘော်များကို NUG၊ MOD မှ ထုတ်ပြန်ထားသည့် အမိန့်စည်းကမ်း ညွန်ကြားချက်များအား အပြည့်အဝ လိုက်နာကြရန်၊ စစ်ဆင်ရေးရည်မှန်းချက်များကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ပြည်သူ့တပ်မတော်သားများပီပီ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်၍ တော်လှန်ရေး အမြန်အဆုံးသတ်နိုင်ရေးအတွက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းရွက်ကြရန် မှာကြားခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article