30 C
Yangon

ဘုတလင်မြို့နယ်နှင့် မုံရွာမြို့နယ်ရှိ ကျေးရွာဆေးခန်းနှင့် ထနောင်းတော မြောက်ရွာကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှု အသက် ၂ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၉ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာဆေးခန်းနှင့် မုံရွာမြို့နယ်၊ ထနောင်းတော မြောက်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘုတလင်မြို့နယ်၊ မုံရွာ -ရေဦးလမ်းပိုင်း၊ ထနောင်း ကုန်းကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေး ၁ ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူ ဆရာမ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“လမ်းပိုင်း စစ်ဆေးရေးဂိတ်ကို ပထမ ချခံရ တာ။အဲ့ဒီမှာ ဒဏ်ရာရလို့ ဆေးကုနေတဲ့အချိန် ထပ်ချ ခံ ရတာ။ လူနာသယ်တာတို့ ဘာတို့ကို ဒရုန်းနဲ့ သေချာကြည့်ပြီးမှလုပ်တာ။ ဆရာမရော သူ့ကလေး ၂ နှစ် အရွယ်ရော၊ ရဲဘော် ၅ ယောက်လောက်ရောကျသွားတယ်” ဟု ဘုတလင် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်း စစ်ဆေးနေစဉ် ပထမအကြိမ် ဗုံးကျဲ တိုက်ခိုက်ခံရကာ ဒဏ်ရာရရှိသူများကို ထနောင်းကုန်းကျေးရွာ ဆေးခန်းသို့ သယ်ယူပြီး ကုသ နေစဉ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၉ ရက် ညပိုင်းကစတင်၍ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကိုအကြမ်းဖက်စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ အတွင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article