27 C
Yangon

ပေါက်ခေါင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ထီးလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲ နေရာများကို ဒရုန်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်က ပေါက်ခေါင်းမြို့နယ်၊ ကြံ့သေကျေးရွာမှ ပဲခူးရိုးမပေါ်သို့ အင် အား ၃၇ ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၆၀၂ မှ လက်ဦးမှုရယူကာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် အတတ်နိုင်ဆုံး ဝေးဝေးမှ ရှောင် ရှားနေထိုင်ပေးကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အနေဖြင့် ပြည်သူနှင့်ပူးပေါင်း အလင်းဝင်ရောက်ကြရန် အသိပေးထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yaw National Revolution Force – YNRF ထံမှ သိရသည်။

ဇူလိုင်လ ၉ ရက် နေ့ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ထွေအုပ်ရုံး၊ ဗျာ ဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊ အောင်တော်မူ၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ စာသင်ကျောင်း စသည့် နေရာများကို Drone ဗုံးသီး ၂၃ လုံး၊ လက်လုပ် ၁၀၀ မမ ဗုံးသီး ၈ လုံး၊ လက်လုပ် ၆၀ မမ ဗုံးသီး ၂၀ လုံး၊ Rocket ၁၀ လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ထီးလင်းမြို့ဗျာဒိတ်ကုန်းအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းမှ ကင်း ထောက်တပ်စိတ်များနှင့် ဖက်စစ်သားများကြား မိနစ် ၂၀ ခန့်ကြာ သည်အထိ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု့ကို ဂန့်‌ဂေါ်ခရိုင် အမှတ် ၁၆၊၁၇၊၁၈ တပ်ရင်းများနှင့်ထီးလင်းမြို့နယ် ပကဖ တို့ ဟန်ချက်ညီစွာ ပူးပေါင်း ထီးလင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ရန် အားစမ်းစစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article