25 C
Yangon

လားရှိုးမြို့နယ်ရှိ အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများ အများအပြား ဖမ်းဆီးရရှိ၊ တပ်မိသားစုဝင် ကလေးများ၊ အမျိုးသမီးများကို ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများ အများအပြား ဖမ်းဆီးရရှိကာ တပ်မိသားစုဝင် ကလေးများ၊ အမျိုးသမီးများကို ပြန်လွှတ်ပေးလိုက်ကြောင်း MNDAA ၏ သတင်းထုတ်ပြန်မှုနှင့် စစ်တပ်သတင်းရင်းမြစ်များ၏ ပြောဆိုချက် အရ သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ လားရှိုးမြို့နယ်၊ရှန်ခိုက်ကျေးရွာအနီးရှိ အမှတ် ၁၁ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကို MNDAA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရရှိပြီး တပ်မိသားစုဝင် အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုများ၊ ရဲမေများအားလုံးကို သွားချင်သည့်နေရာသို့ ပို့ဆောင်ပေးကြောင်း သိရှိရသည်။

” စခတ ၁၁ ကို MNDAA က သိမ်းပြီးတော့ စစ်သုံ့ပန်းတွေကို ခေါ်ဆောင်သွားပါတယ်။ ရဲမေတွေ စစ်သမီးတွေကိုတော့ ပြန်လွှတ်ပေးတယ်။ တပ်မိသားစုဝင်တွေ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုတွေ အကုန်လုံးကိုတော့ ပြန်လွှတ်ပေးတယ်။ ကားလမ်းမကြီးပေါ်အထိ အကုန် ဘေးကင်းတဲ့နေရာကို လိုက်ပို့ပေးတယ်။ မိုဘိုင်းလ်ဖုန်းတွေကိုတော့ သိမ်းသွားတယ်” ဟု တပ်မိသားစုဝင်တချို့ကို ကူညီပေးနေသူ ဒေသပြည်သူတစ်ဦးက ဆို သည်။

MNDAA ဘက်လည်း စခတ ၁၁ (ခေါ်) ရှန်းဟိုင်းစစ်ကျောင်းမှ စစ်တပ်တပ်သားမိသားစုနှင့် ဒေသခံ ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခဲ့ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – လားရှိုးမြို့ စခတ ၁၁ မှ တပ်မိသားစုဝင်များကို MNDAA ပြန်လည် ပို့ဆောင်ပေးရန် လုပ်ဆောင်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article