27 C
Yangon

ဒီပဲယင်းမြို့မ ရဲစခန်းမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မ ရဲစခန်းမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ဒီပဲယင်းမြို့မ ရဲစခန်းမှ ကင်းပုန်း ဝပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ထွေအုပ်ဝန်ထမ်း ၁ ဦးအပါအဝင် ၂ ဦးပွဲချင်းပြီး သေဆုံးကာ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကာဘိုင်သေနတ် ၂ လက်ကို သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့က မြို့မရဲစခန်းထဲကနေ ကင်းပုန်းဝပ်တဲ့နေရာသွားဖို့ ထွက်လာတာ ကျွန်တော်တို့က မြို့မရဲစခန်းထိပ်ကနေ ကင်းပုန်းဝပ်ပြီးစောင့်ပစ်တာ စခန်းနဲ့ဆိုရင် နီးနီးလေးပဲ ထွက်လာတာက ၃ ယောက်ပဲ ထွက်လာတာ တကယ်တမ်းဆိုရင် သူတို့က ကင်းယူမယ့်နေရာကိုသွားဖို့က လူ ၂၀ လောက်ထွက်ဖို့ပဲ သူတို့ ထွက်ထွက်လာချင်းမှာ စီးပြီးပစ်တာဆိုတော့ ပစ်ကွင်းထဲကို ဝင်လာတာက ရှေ့ဆုံးက ၃ ယောက် ပေါ့။ ထွေအုပ်ဝန်ထမ်းတစ်ဦးအပါအဝင် ၃ ယောက်ပေါ့ ။ အဲဒီ ၃ ယောက်ကို ပစ်ပြီး သူတို့ကာဘိုင် သေနတ် ၂ လက်ကို ပြေးကောက်ယူနိုင်ခဲ့တာ ရဲစခန်းနဲ့နီးနီးလေးဆိုတော့ အတော်ပစ်ယူလိုက်ရတယ် ” ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင့်ရေး အဖွဲ့မှ ဦးစီး၍ ဒီပဲယင်းပကဖ တိုက်နယ် ၁/၂/၃၊ ရေဦးမြို့နယ် ပ.က.ဖ (Galaxy Force) ၊ ရေဦးမြို့ နယ် ပကဖ (ဖီးနစ် တပ်ခွဲ) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (ADPRA)၊ ရန်ကြီးအောင်LDF တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article