ဘူဆန်မြို့မှ ဆိုးလ်မြို့အထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ၁၀ ရက်မြောက်အဖြစ် ဆက်လက်ချီတက်
ရန်ကုန်၊ ဇူလိုင် ၁၆
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးအထိ ၂၁ ရက်တာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိ၊ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ရေးရည်ရွယ်ချက်ဖြင့် လမ်းလျှောက်ချီတက်ဆန္ဒပြပွဲကို ၁၀ ရက်မြောက်နေ့အဖြစ် ဂင်ချွန်းမြို့မှ စတင်ထွက်ခွာပြီး ဟွာန်းဂါန်းမြို့တွင်အောင်မြင်စွာအဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲကို တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းနှင့် တက်ကြွသူများဝန်းရံကာ ခရီးစဥ်တစ်လျှောက်အသုံးပြုနိုင်ရန် ၁၁ သိန်းဝမ် ထောက်ပို့ခဲ့ကြောင်း သိရှိရသည်။