29 C
Yangon

မင်းလှမြို့နယ်တွင် စစ်တပ် အတွက် စစ်မှုထမ်းရန် ခြိမ်းခြောက်လူစုပေးနေသည့် ဇရစ်ချောင်းရွာ အုပ်ချုပ်ရေးမှူး အောင်မြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် စစ်မှုထမ်းရန် ခြိမ်းခြောက်လူစုပေးနေသည့် ဇရစ်ချောင်းရွာ အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဇရစ်ချောင်းရွာ ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်၌ ဆိုင်ကယ်စီးလာသည့် ချောင်းနားကျေးရွာတွင် နေထိုင်သော ဇရစ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ သေနတ် ကျည် ၁၁ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးထံသည် စစ်တပ်ထောက်တိုင် အမာခံ ၁ ဦးဖြစ်ပြီး လူငယ်များကို စစ်မှုထမ်းရန် ခြိမ်းခြောက်လူစုကာ ငွေကြေးကောက်ခံခြင်း၊ အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေး၍ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ အကြမ်းဖက် စစ်တပ်ထံ တော်လှန်ရေးရဲဘော်ဖွဲ့များ၏ သတင်းများကို ထောက်လှမ်းပေးပို့ခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးထံမှ လက်ပစ်ဗုံး ၁ လုံး ၊ ကျည် ၂၆ တောင့် ၊ ငွေကျပ် ၈၀၀၀၀ နှင့် အခြား သက်သေခံ ကတ်ပြားများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အခုရှင်းလိုက်တဲ့ အုပ်ကြီးကို စစ်ခွေးတွေ သေနတ်ပေးထားတယ်။ သတင်းရထားလို့ ရှာတာမတွေ့ဘူး။ အချိန်မရတာရယ် လယ်ကွင်းထဲမှာ ဆိုင်ကယ်က မှောက်နေတာရယ်ကြောင့် သူ့လွယ်အိတ်ပဲ ယူလာခဲ့လိုက်ရတယ်။ သေနတ်ကတော့ ရမလာဘူးပေါ့။ ထပ်ပြီးလည်း ပြည်သူကို ဒုက္ခပေးတဲ့ စစ်ကောင်စီတပ်သားနဲ့ ထောက်တိုင်တွေကို ရှင်းလင်းသွားပါမယ်။ ပြည်သူတွေအနေနဲ့ သူတို့နဲ့ဝေးဝေးနေကြပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သာယာဝတီခရိုင်အတွင်း လူငယ်များကို စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article