27 C
Yangon

မကွေး၊ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

မကွေးတိုင်း၊ ဆိပ်ဖြူမြို့အနီး၊ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ဆိပ်ဖြူမြို့နယ်၊ ၁၀ မိုင်လမ်းဆုံဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၀ ဦး ခန့်လိုက်ပါလာသော စစ်ကား ၁ စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်းရှိ ဆိပ်ဖြူမြို့အနီး တစ်နေရာ အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) ၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း ၊ တပ်ခွဲ (၃) NSP တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article