စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများပြား ဖမ်းဆီးရရှိ
ရန်ကုန်၊ ဇူလိုင် ၂၀
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အ၀ သိမ်းပိုက်ရရှိကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။
စဉ့်ကူးမြို့နယ်သည် မန္တလေး PDF အတွက် ပထမဦးဆုံး သိမ်းပိုက်ရရှိသော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ်ကူးမြိုနယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြိုကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယခုအခါ စဉ့်ကူးမြိုနယ်သည် စစ်ကောင်စီ ကင်းစင်သော မြိုနယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြိုသည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြိုအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် သုံပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့ပြီး စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချိုရှိခဲ့ကြောင်း၊ အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြိုနေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။