25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ကျော်ဇင်၊ ဗိုလ်ကြီးထက်ကျော်၊ ဗိုလ်ကြီး ဌေးလင်းကျော်၊ ဗိုလ်ကြီးအေးကို၊ ဗိုလ်ကြီးထွန်းနိုင်၊ ရဲမှူးရွှေသိမ်းမောင်နဲ့ ဒုရဲမှူးကျော်မြင့်ဦးတို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တရားဝင်သတင်းထုတ်ပြန်ပါတယ်။
  • မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်ရေးစခန်းနဲ့ လမ်းကြောင်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတာကြောင့် ရေကြောင်းကုန်သွယ်ရေးနဲ့ အစားထိုးဖို့ စစ်ကောင်စီက အပူတပြင်း လုပ်ဆောင်နေရပြီး အဲဒီလုပ်ငန်းစဉ်ကို ဒုစစ်ခေါင်းဆောင်စိုးဝင်းက ဦးဆောင်နေတယ်လို့ နေပြည်တော်စစ် ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာလမ်းဆုံနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း ကနေ ဗုံးကျဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article