25 C
Yangon

လားရှိုးတွင် ယနေ့ ဆက်လက်တိုက်ပွဲ ပြင်းထန်ပြီး လက်နက်ကြီးများ ကျရောက်မှု​ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ ၊ လားရှိုးမြို့တွင်းတွင် တော်လှန်ရေးတပ်ပေါင်းစု တဖြည်းဖြည်း စိမ့်ဝင်ရောက်ရှိနေပြီဟုဆို

Must read

လားရှိုးတွင် ယနေ့ ဆက်လက်တိုက်ပွဲ ပြင်းထန်ပြီး လက်နက်ကြီးများ ကျရောက်မှု​ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ ၊ လားရှိုးမြို့တွင်းတွင် တော်လှန်ရေးတပ်ပေါင်းစု တဖြည်းဖြည်း စိမ့်ဝင်ရောက်ရှိနေပြီဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ယနေ့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသပြည်သူတချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း လားရှိုးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၄ နာရီမှစတင်၍ လားရှိုးတွင် ပစ်ခတ်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အထူးသဖြင့် အထက်မန်အိုင်၊ မယ်ဟန်တောင်ကြောနှင့် ၄၁ ဘက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ၊ စစ်ကောင်စီတပ်က လက်နက်ကြီများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ပြီး လားရှိုး နားမခေါ် ရပ်ကွက်ရှိ မိဘမဲ့ကလေးဂေဟာပေါ်သို့ ကျရောက်ကာ ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ရပ်ကွက် ၄ ၊ ရပ်ကွက် ၅ ဘက်တွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်။ နားမခေါ်ရပ်ကွက် မိဘမဲ့ ကလေးဂေဟာပေါ်လက်နက်ကြီးကျတယ်။ ကလေး ၁ ဦးသေဆုံးတယ်။ နောက်ပြီး လားရှိုးမြို့ ရပ်ကွက် ၄ နယ်မြေ ၁၆ မှာလည်း အပစ်အခတ်ကြမ်းနေတယ်။ ငါးပါးသီလကျောင်း ဂိုဒေါင် မီးလောင်တယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးတယ်။ တစ်နေ့တစ်ခြား အခြေအနေက ပိုဆိုးလာတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ စစ်ကောင်စီတပ်က မယ်ဟန်တောင်ကြေတစ်လျှောက်နှင့် လား ရှိုးမြို့ပြင် ဘက်သို့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ အထက်မန်အိုင်၊ ရေကန်တောင်နှင့် ဆုတောင်းပြည့်ဘက်တို့လည်း ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း၊ မြို့တွင်းရပ်ကွက်များတွင် တော်လှန်ရေးတပ်များ စိမ့်ဝင်လာနေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ရ သိရှိရသည်။

MNDAA ကမူ တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင် လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသော် လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ လားရှိုးမြို့အတွင်း တိုက်ပွဲမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article