25 C
Yangon

မန္တလေးမြို့တွင် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Must read

မန္တလေးမြို့တွင် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၂၂

မန္တလေးမြို့တွင် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သော လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်ထိ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေကြောင်း ဒေါက်တာတေဇာစန်းက ပြောဆိုသည်။

“ဘူး” သပိတ်ကို ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး” ၊ အခွန်အခ မပေး “ဘူး” ၊ စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး” ၊ မရောင်း “ဘူး” ၊ ဖက်ဆစ် တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည် ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ကြရန်နှင့် ပြည်သူတစ်ဦးတစ်ယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြရန် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ဆက်လက် ပြောဆိုသည်။

ထို့ပြင် တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာသည့် စစ်ရေး တိုက်ပွဲနှင့် ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမည်ဖြစ်ပြီး ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြရန် အချိန်ကြပြီဟု ဒေါက်တာတေဇာစန်းက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article