28 C
Yangon

စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့များက ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် ၉၅,၀၀၀ ကျော် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်| ဇူလိုင် ၂၄

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ တပ်ဖွဲ့များက အရပ်သား နေအိမ်ပေါင်း ၉၅,၀၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ယနေ့ သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်ပေါင်း ၁၅,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီး အာဏာသိမ်းကာလ နောက်ပိုင်း ၂၀၂၄ ခုနှစ်တွင် ရခိုင်ပြည်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် အရေအတွက် တိုးလာကြောင်း သိရသည်။

ယခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ သနင်္သာရီတိုင်း၊ ချင်းပြည်နှင့် မကွေးတိုင်းတို့တွင် အရပ်သားနေအိမ် ၁,၁၀၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်ပေါင်း ၉၅,၀၀၀ ထဲက ၆၇,၀၀၀ ကျော်မှာ စစ်ကိုင်းတိုင်းထဲက အရပ်သားနေအိမ်များဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေအိမ်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည်။

” လက်နက်ကိုင်ခုခံတော်လှန်စစ် အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကြောင်းထိုးမီးရှို့တာအပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေက ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။ ” ဟု Data for Myanmar ၏အစီရင်ခံစာတွင် ပြောထားသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ မှာ အရပ်သားနေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ မှာ ၄၆,၈၅၆ လုံး၊ ၂ဝ၂၃ ခုနှစ်မှာ ၃၁,၄၈၄ လုံးနှင့် ၂ဝ၂၄ (ဇွန်လကုန်အထိ) မှာ ၁၄,၉၆၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု Data for Myanmar ကဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article