25 C
Yangon

မိုးမိတ်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA က တိုက်ခိုက်နေပြီး နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

မိုးမိတ်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA က တိုက်ခိုက်နေပြီး နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းကို TNLA က တိုက်ခိုက်နေပြီး နောင်ချိုမြို့နယ် တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မိုးမိတ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန် တပ်စခန်းတစ်ခုဖြစ်သော မိုးမိတ် ဗျူဟာကုန်းကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြိုနယ် သဲခေါ်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက အုမ္မတီးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article