32 C
Yangon

လားရှိုးမြို့ အုပ်ချုပ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မြို့အုပ်ချုပ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ဆောင်ရွက်မည်ဟု MNDAA က ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်းတွင် MNDAA က သိမ်းပိုက်ပြီးနောက် လားရှိုးမြို့ အုပ်ချုပ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မြို့အုပ်ချုပ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ဆောင်ရွက်မည်ဟု MNDAA က ကြေညာသည်။

၂၃ ရက်ကြာ လားရှိုးလွတ်မြောက်ရေး စစ်ဆင်ရေးအပြီးတွင် စစ်ကောင်စီတပ်များကို မောင်းထုတ်နိုင်ခဲ့ပြီး အောင်ပွဲ ရရှိခဲ့ကြောင်း၊ လားရှိုမြို့သည် အထူးဒေသ၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်ပြီး လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့်ပြန်လည် တည်ဆောက်ရေး ဆောင်ရွက်သွားမည်ဟု ကြေညာသည်။

ထို့ပြင် ပြည်သူလူထု၏ အကျိုးစီးပွားကို ထိပါးမှုများကို အရေးယူမည်ဖြစ်ပြီး MNDAA ရဲဘော်များ လိုက်နာရန် ချမှတ်ထားသော ကျင့်ဝတ်နှင့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တိုင်ကြားမှုများပြုလုပ်နိုင်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ – လားရှိုးမြို့ရှိ ခမရ ၅၀၇ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ကိုးကန့် MNDAA အလံ လွှင့်ထူစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article