ဒီကနေ့ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDAA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်မှုကြောင့် ဒုတိယ အကြမ်းဖက် စစ်ခေါင်း ဆောင် စိုးဝင်းဟာ စစ်ကောင်စီရဲ့ အရပ်ဘက်နှင့် စီးပွားရေး ဆိုင်ရာ အစည်း အဝေးတွေ အားလုံးကို မတက်နိုင် တော့ဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
- ရခိုင်ပြည်နယ်က ဂွမြို့ကို အာရက္ခတပ်တော် AA တပ်တွေ မလာနိုင်အောင်ဆိုပြီး တံတား ၃ စင်းထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ပြီး ခံစစ်ပြင်ဆင်နေပြန်တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
- မန္တလေးတိုင်းက ဆီမီးခုံမြို့မှာ ၄၀ မမ သေနတ်ကိုင်ပြီး သောင်းကြမ်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးကို တော်လှန်ရေး ရဲဘော်တွေက မြို့ပေါ်မှာပဲ ဝင်ရောက်လုံးထွေး ထိုးကြိတ်ပြီး သေနတ် ကို လုယူနိုင်ခဲ့သလို ၊ အဲဒီ့ စစ်သားကိုလည်း ပစ်ခတ်ရှင်းလင်းလိုက်တဲ့အတွက် ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
