လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမူပြုလုပ်
ရန်ကုန်၊ဇူလိုင် ၂၆
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဇူလိုင်လ ၂၆ရက် နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီး၊ လူငယ်များနှင့်ဒေသ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။


