ဒီကနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း UWSA ပြင်ပဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ “၀” တပ်ဖွဲ့တွေ မြို့အတွင်းဝင်ရောက်လာတာဟာ မှန်ကန်တယ်လို့ UWSA ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA က တိုက်ခိုက်ချိန် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦနဲ့ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်တို့ စကားများကြရာကနေ ဗိုလ်ချုပ်စိုးတင့်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ဆဲဆိုတာကြောင့် တိုင်းမှူးဗိုလ်ချုပ်စိုးတင့်မှာ ရာထူးကနေ အနားပေးခံရတဲ့ အပြင် တပ်မတော်စစ်စည်းကမ်းတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ခလရ ၆၈ နဲ့ ဆင်တောင်ထိပ်က စစ်တပ်စခန်းကို MNDAA က သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
- တော်လှန်ရေးတပ်တွေက လားရှိုးနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ပြီးနောက် အဲဒီမြို့တွေမှာရှိတဲ့ အကျဉ်း ထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေဟာ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar