25 C
Yangon

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံး

Must read

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံး

ရန်ကုန် ၊ ဇူလိုင် ၂၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် ကျွန်းစုမြို့နယ်ဘက်မှ စစ် ကြောင်း ထိုးဝင်လာသော စစ်တပ်ကို မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ တပ်ဖွဲ့ များ က ခုခံတိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အပြင်းအထန်ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေု တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်သားများက လယ်သစ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

“ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ကျွန်းစုမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတာ၊ ကြည်း ၊ ‌ရေ၊ လေ ၃ ခုပေါင်းစစ် ကြောင်းထိုးတာ၊ ၁၀ ရက်အတွင်း အပြင်းအထန်ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်တယ်၊ ဒီနေ့က ပိုပြင်းထန်တယ်၊ အခုတော့ စစ်ခွေး စစ်ကြောင်းက လယ်သစ်ကို ဝင်သွားတယ်။ စခသေတာ ၃၀ ကျော်တယ်၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရထားတယ်။” ဟု မြိတ်ခရိုင်ပူး ပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသနေ ပြည် သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး ၊လေ ကြောင်းနှင့် ရေကြီးမှု ကပ်ဘေးပါ ခံစားနေရသဖြင့် စား၊ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article