29 C
Yangon

မြန်မာစစ်ကောင်စီကို တရုတ်က ထောက်ခံနေမှု နှင့် မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဗြိတိန်ရှိ တရုတ်သံရုံးနှင့် အမေရိကန်ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တို့တွင် ဆန္ဒပြ တောင်းဆို

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံက ထောက်ခံနေမှု နှင့် မြန်မာ့နိုင်ငံရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေမှုများကို ရပ်ဆိုင်းရေး ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးနှင့် အမေရိကန်ပြည်ထောင်စုရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရုံးရှေ့တို့တွင် ပြည်ပရောက် မြန်မာများက ဆန္ဒပြ တောင်းဆိုကြသည်။

ဇူလိုင်လ ၃၀ ရက်နေ့ အင်္ဂလန်စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် အကြမ်း ဖက်စစ်ကောင်စီကို မပူးပေါင်းရန်၊ စစ်ကောင်စီထံသို့ စစ်လက်နက်များ ရောင်းချနေမှုများ ချက်ချင်းရပ်တန့် ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၁၅၀ ဝန်းကျင်က ကန့်ကွက်ဆန္ဒပြကြကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲကို ယူကေရောက် မြန်မာနိုင်ငံဖွားတော် လှန်ရေး ညီအကို မောင်နှမများက ဦးဆောင်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး တောင်းဆိုကြကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၃၀ ရက်နေ့ အမေရိကန်စံတော်ချိန် ညနေ ၄ နာရီအချိန် အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့တွင်လည်း မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများက မြန်မာ့နွေဦးတော်လှန်ရေးအား မြန်မာ့နွေဦးတော်လှန်ရေးအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနေသော တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲ ပြုလုပ်ကြသည်။

အဆိုပါ ကန့်ကွက်ရှုံချ ဆန္ဒပြပွဲတွင် “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ”၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်”“ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ” “အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်” ဆိုသော စသည့်ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြသခဲ့ကြကြောင်း၊ ထို့နောက် တရုတ်မစ်ရှင်ရုံးနှင့်တကွ သက်ဆိုင်သည့်ဌာနများအား အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article