27 C
Yangon

စစ်ကောင်စီက အရေးပေါ်ကာလ ၆ ထပ်သက်တမ်းတိုးမှု မြန်မာပြည်သူများ၏ ဆန္ဒနှင့်ဆန့်ကျင်ဟု အမေရိကန် ပြောဆို

Must read

ရန်ကုန်| ဩဂုတ် ၁

မြန်မာ စစ်အာဏာရှင်က နိုင်ငံကို အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်လိုက်မှုမှာ မြန်မာပြည်သူများ၏ ဆန္ဒသဘော ထားများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်သည်။

စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၃၁ တွင် စစ်အာဏာသိမ်းကာလ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည်။

” မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်နေသော မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိသည် ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်ကောင်စီကို အမေရိကန်က တောင်းဆိုထားသည်။

စစ်ကောင်စီက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဖြစ်သလို မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း ပြန်လွှတ်ပေးရမည်ဟု မက်သရူးမေလာ (Matthew Miller) က‌ ပြောသည်။

” လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့် ပြုရပါမည်။ ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ဆိုသည်။

ထောင်ပေါင်းများစွာသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများတွင် အကာ အကွယ်တောင်းခံရမှုများနှင့်အတူ ပြည်သူ ၃ သန်းကျော် စစ်ဘေးရှောင်နေကြရခြင်း၊ သန်းပေါင်းများစွာသော ပြည်သူများ ဆင်းရဲတွင်း နက်သထက် နက်လာခြင်းများဖြင့် စစ်တပ်၏ လုပ်ရပ်များက အကျပ်အတည်းကို ပိုမို ရှည်ကြာစေလျက်သာ ရှိကြောင်း အမေရိကန်က ထောက်ပြထားသည်။

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေရန် မြန်မာလူမျိုးများ၏ ပြင်းပြသည့်ဆန္ဒများကို အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များက ဆက်လက် အားပေးထောက်ခံသွားမည်ဟု သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article