27 C
Yangon

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး စစ်ဘေးရှောင် ပြည်သူများ တိမ်းရှောင်ရ

Must read

ရန်ကုန်၊ ဩဂုတ် ၇

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို တွင် တိုက်ပွဲများ တကျော့ပြန် ပြန်ဖြစ်လာပြီး စစ်ဘေးရှောင် ပြည်သူများ တိမ်းရှောင်နေရကြောင်း PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

“ဩဂုတ် ၃ ရက်နေ့ ရှမ်းတောင် ဆီဆိုင်မြို တိုက်ပွဲပြန်ဖြစ်နေပြီ။ ၁၀၂၇ ပထမပိုင်းပြီးတော့ ဆီဆိုင်မြိုမှာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ၁၀၂၇ ဒုတိယပိုင်း လားရှိးမြို သိမ်းခံရပြီးတဲ့နောက် တောင်ကြီးမြို သိမ်းမယ်ဆိုတဲ့စကားကြောင့် ပအိုဝ်းအမျိုးသားလွတ် မြောက် ရေး PNLA ဌာနချုပ်ကို စစ်ကောင်စီနဲ့ PNAတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်တာကြောင့် တိုက်ပွဲပြန်ဖြစ်နေပါတယ်။ အရင်က ဆီဆိုင်မြို ရဲ့တိုက်ပွဲထဲမှာ PNLA က ဆီဆိုမြို ကို သိမ်းလိုက်တာ ပအိုဝ်းပြည်သူတွေနဲ့ ပအိုဝ်းသံဃာတွေရဲ့ တောင်းဆိုမှုကြောင့် PNLAက နောက်ဆုတ်ပေးလိုက်တယ်။ ဒီတစ်ခါတော့ PNO ကနောက်တစ်ကြိမ်စော်ကားလာတဲ့အတွက် ကျောက်တလုံးကြီးမြို အထိ တိုက်ပွဲကျယ်ပြန်မယ့် အခြေအနေရှိတယ်”ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုပြင် ဩဂုတ် ၆ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြိုအရှေ့ဘက်၊ လွယ်ထွယ်ကျေးရွာ၊ PNLA တပ်များနှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာသဖြင့် ပြည်သူများ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

“စောစောစီးစီး ထမင်းဟင်းတောင် မချက်ရသေးဘူး။ ရွာထဲဝုန်းဒိုင်းဆိုတောင် ထပ်ပြေးရပြန်ပြီ။ လူတွေက ပစ္စည်းတွေအသင့်လုပ်ထားရတာပေါ့။ ဆီဆိုင်အနီးက ကျေးရွာတွေကိုလည်း နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတော့ စစ်ပြန်ဖြစ်တော့မယ်ဆိုတာ သိတယ်။ ရွာတွေကဆက်နေတော့ တစ်ရွာရှောင်လိုက်၊ တိုက်ပွဲငြိမ်ရင်ပြန်လိုက်၊ အဲလိုဖြစ်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိဆီဆိုင်မြိုအဝင်အထွက် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ ခမရ ၄၂၄၊ ၄၂၃ တပ်က ပိတ်ဆို ထားပြီး ဆက်သွယ်ရေးအင်တာနက်လိုင်းတချိုလည်း ဖြတ်တောက်ခံထားရကြောင်း သိရှိရသည်။

ဩဂုတ် ၃ ရက်နေ့ကလည်း PNLA ဌာနချုပ်ရှိရာ ဆီဆိုင်မြိုနယ်နှင့် မောက်မယ်မြို နယ်စပ် ကဒူးကြီးက ဌာနချုပ်ကို လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကျဲခဲ့ကြောင်း ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေမြိုနယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲက PNLA တပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် လူဦးရေ ၆၃,၆၀၀ ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ စာရင်းများအရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article